ဗာမောင့်တွင် အိမ်ဝယ်ခြင်းသည် ခက်ခဲစိန်ခေါ်မှုဖြစ်နိုင်သည်။ အောက်ပါတို့သည် သင့်ကို ကူညီနိုင်သော အဖွဲ့အစည်းများဖြစ်သည်။ ဤအချက်အလက်များကို ဗာမောင့် အိမ်ရာ ငွေကြေးဘဏ္ဍာရေး အေဂျင်စီ (VHFA) မှ အရည်အချင်းပြည့်မီသော အိမ်ဝယ်သူများအား တတ်နိုင်သော အိမ်ချေးငွေများ ပေးနိုင်သော ပြည်တွင်း အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

 

အိမ်ဝယ်သူ ပညာပေးရေးနှင့်အကြံပေးခြင်း

စတင်ရန်ကောင်းသော နေရာသည် အိမ်ဝယ်ခြင်း လုပ်ငန်းစဉ်အကြောင်း လေ့လာရန်ဖြစ်သည်။ အောက်ပါသည် သင်ပညာပေးကို ရယူနိုင်ပြီး အိမ်တစ်လုံး မည်သို့ဝယ်ရမည်ကို လေ့လာရန်၊ သင်မည်သို့အရည်အချင်းပြည့်မီသနည်း၊ ပိုင်ဆိုင်တယ်ဆိုတာဘာကိုဆိုလိုတာလဲနှင့် သင့်ကို ကူညီရန် အထူးအစီအစဉ်များ ရှိကြောင်းကို အတိုင်ပင်ခံတစ်ဦးနှင့်တွေ့နိုင်ပါသည်။

အိမ်ချေးငွေလျှောက်ထားခြင်း

လူအများစုသည် အိမ်တစ်လုံးဝယ်ရန် ငွေချေးရမည်။ ဒေသခံဘဏ်များ၊ ချေးငွေသမဂ္ဂများနှင့် အိမ်ချေးငွေချေးခံသည့် ကုမ္ပဏီများသည် အိမ်များဝယ်ရန် ကူညီရန်ချေးငွေများပေးသည်။  သင်အိမ်ချေးငွေ (အပေါင်ခံဟုခေါ်သည်) အတွက် ဆက်သွယ်ရန် အရည်အချင်းပြည့်မီခြင်း လေ့လာရန် အောက်ပါငွေချေးသူများထဲမှ တစ်ဦးကိုနှိပ်ပါ။

အာပါထူးနာဒီ(စ်) ခရက်ဒစ် ယူနရီယန် (Opportunity Credit Union) သည် ဖောက်သည်များနှင့် တွေ့ဆုံသည့်အခါ စကားပြန်ကို များသောအားဖြင့်ကမ်းလှမ်းသည်။ သို့သော် VHFA တွင် ပါဝင်သောငွေချေးသူများစာရင်းတွင် သင့်အတွက်စကားပြန်ကို ပေးကောင်းပေးနိုင်သည်။ VHFA တွင် ပါဝင်သော ငွေချေးသူများအားလုံး၏ စာရင်းကိုရှာဖွေရန် ဤနေရာတွင်နှိပ်ပါ -

 

ငွေချေးသူနှင့်တွေ့ဆုံခြင်း

သင်ငွေချေးသူတစ်ဦးကို ဆက်သွယ်သည့်အခါ လူကိုယ်တိုင်တွေ့ဆုံခြင်း၊ အွန်လိုင်း  သို့မဟုတ် ငွေချေးအရာရှိတို့နှင့်တွေ့ဆုံရန်  စကားပြန်ရှိနေခြင်းရန်တောင်းဆိုပါ။ သင်ငွေချေးသူတစ်ဦးနှင့် တွေ့ဆုံသောအခါ သင်၏အကြွေး၊ ငွေစု၊ ဝင်ငွေနှင့် အလုပ်အကိုင်အကြောင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ဝေမျှနိုင်ရလိမ့်မည်။ သင်သုံးသောစကားပြန်သည် သင်၏ ခွင့်ပြုချက်မပါဘဲ မည်သည့် ကုယ်ရေးကိုယ်တာ အချက်အလက်များကို ဝေမျှမည်မဟုတ်ကြောင်းနားလည်ပါစေ။ ငွေချေးသူတွေကပ ထမတော့ မင်းနားမလည်တဲ့ စကားလုံးတွေကိုသုံးနိုင်တယ်။ အောက်ပါကဲ့သို့ မေးခွန်းများမေးရန်မတွန့်ဆုတ်ပါနဲ့ -

 

  • ကျွနု်ပ် ဘယ်လောက်တတ်နိုင်လဲ။
  • ငွေပေးချေမှုနှင့် ပိတ်ခြင်းကုန်ကျစရိတ်အတွက် ကျွနု်ပ် ဘယ်လောက်ကုန်ကျမည်နည်း။
  •  ကျွနု်ပ် ဝယ်ပြီးနောက် ခန့်မှန်းခြေ လစဉ်ငွေပေးချေမှုသည် ဘယ်လောက်ကျမည်နည်း။
  • အိမ်တစ်လုံးယ်ရန် ကုန်ကျစရိတ်သက်သာစေရန် ကျွန်ုပ်အတွက် အထောက်အကူပြုသော  အထူးအစီအစဉ်များရှိပါသလား။
  • နောက်တစ်ဆင့်ကဘာလဲ။ 

 

စကားပြန် ရယူခြင်း

အထက်တွင် ဖော်ပြထားသော အဖွဲ့အစည်းများသည် သင်၏တွေ့ဆုံမှုများ  သို့သူတို့နှင့်ဖုန်းခေါ်ဆိုမှုများ အားလုံးအတွက် စကားပြန်ကိုပေးနိုင်လိမ့်မည်မဟုတ်ချေ။ ငွေချေးသူသည် သင့်အား စကားပြန်မပေးနိုင်လျှင် အခကြေးငွေနှင့်ဘာသာပြန်ခြင်း ဝန်ဆောင်မှုပေးသော ဗာမောင့်ရှိ အဖွဲ့အစည်းအနည်းငယ်ရှိသည်။ စကားပြန်တောင်းရန် အောက်ပါ အဖွဲ့အစည်းများကိုဆက်သွယ်ပါ -